1942 မေလ 13 ရက် ရခိုင်များ လူမျိုးတုံးသတ်ဖြတ်ခံရတဲ့နေ့။
နိုင်ငံတကာ သမိုင်းပညာရှင်များ မသိချင်ယောင်ဆောင်ထားတဲ့ တကယ့်ဖြစ်ရပ်မှန်။ ။
၁၉၄၂ ခုနှစ် ရခိုင်သမိုင်းမှာ ဒီလိုပုံရိပ်တွေ ရှိခဲ့တယ်
**********************************************
(1942 )ခုနှစ် ကုလားရခိုင် အထိကရုဏ်း စတင်ဖြစ်ရခြင်း အကြောင်းတရားကား စစ်တွေမြို့မှ စတင်ဖြစ်ပွါးလေသည်။
အင်္ဂလိပ်တပ်ဖြစ်သော ရာခ်ျပုကုလားစစ်သားများက ရခိုင်အမျိုးသမီးများကို အဓမ္မပြုကျင့် ရခိုင်အမျိုးသားများကို ဘင်္ဂလီကုလားအရပ်သားများနှင့်ပူးပေါင်း၍ အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ရာမှ မခံမရပ်နိုင်ဖြစ်ပြီး စတင်ဖြစ်ပွါးလာ ရခြင်းဖြစ်လေသည်။
ယင်းပြဿနာသည် မြေပုံမြို့နယ်၊မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်များသို့ ကူးစက်သွားသည်။
ယင်းကိစ္စကို ရခိုင်နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသော ဦးပညာသီဟ ၊ ဦးသာကျော်(ဘုံပေါက်)တို့က ဖြန်ဖြေပေးသဖြင့် အထက်ပါမြို့များမှာ အေးဆေးငြိမ်သက်သွားခဲ့ပါသည်။
သို့သော် အထက်ပါမြို့နယ်များမှ ဘူးသီးတောင်၊မောင်တောမြို့နယ်များသို့ ထွက်ပြေးသွားကြသော ဘင်္ဂလီကုလားများနှင့် ဘူးသီးတောင် မောင်တောမြို့နယ်များမှ ပညာတတ်ကုလားခေါင်းဆောင်အချို့ ဦးဆောင်ကာ နယ်ခံကုလားများနှင့် ပူးပေါင်း၍ ယင်းဒေသရှိ ရခိုင် ၊ ရခိုင်မျိုးနွယ်စုတိုင်းရင်းသားများနှင့် ကျေးရွာများကို အမြစ်မကျန် ချေမှုန်းသုတ်သင် သတ်ဖြတ်ကြရန် နှိုးဆော်စည်းရုံးကြလေသည်။
ယင်းအချိန်တွင် မေဂျာ ဦးကျော်ခိုင်(အိုင်စီအက်)သည် ၄င်းကိစ္စကို ထိမ်းသိမ်းရန် စစ်တွေမြို့ မှ ကုလားခေါင်းဆောင်များဖြစ်သော ဦးယာဆိန်း (ရှေ့နေ) ဦးဆူတန်မာမတ် ၊ဦးဘိုးခိုင် စသောသူများ နှင့် ကြိုးပမ်းသော် လည်း မအောင်မြင်သည့် အပြင် (မေဂျာ ဦးကျော်ခိုင် )ကိုယ်တိုင် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာတွင် ကုလား များ၏ ပစ်ခတ်လိုက်သော သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားရလေသည်။
(၁၉၄၂)ခုနှစ် မေလတွင် မောင်တောမြို့နယ်ရှိ ကုလားကျေးရွာ အားလုံးသည် လူစုရုံးပြီး လက်နက်ကိုင်များကိုင်ဆောင် လျက် ရခိုင်ကျေးရွာများကို တိုက်ခိုက်ဖျက် ဆီး မီးရှို့ခြင်းများ စတင်ပြုလုပ်လာကြသည်။
ရခိုင်ကျေးရွာများကို ၀ိုင်းထားခြင်း ၊ လမ်းတံတားများအား ဖြတ်တောက်ဖျက်ဆီးထားခြင်းတို့ ပြုလုပ်ကြသည်။
မောင်တောမြို့ကို ဒုတ် ဒါး လက်နက် ကိုယ်စီဖြင့် ၀ိုင်းရံထားသည့် ဘင်္ဂလီအင်အားမှာ(၂၀၀၀၀)နှစ်သောင်း ကျော် လောက်ရှိမည်ဟု ခန်းမှန်းကြသည်။ မောင်တောမြို့ ၀င်ပေါက် ထွက်ပေါက် အားလုံးကို ပိတ်ဆို့ထားကြသည်။
မောင်တောမြို့နယ် ပတ်ဝန်းကျင်ကျေးရွာများကိုလည်း ကုလား များ ၀ိုင်းဝန်းထိုးခုတ်နေကြသည်ဟု သတင်းများကြားကြရသည်။
ဒါးဒါဏ်ရာနှင့် မောင်တော မြို့ပေါ်သို့ တက်လာ သော သူများမှာလည်း မနည်းလှပါ။
မောင်တောမြို့အလယ်ရွာက ဟု ထင်ပါသည်။ အိမ်ထောင်စုတစ်စု မနက်(၄နာရီ)လောက်တွင် ဘူးသီးတောင်သို့ ဖေါက်ထွက်ပြေးကြရာ ကညင်တန်းရွာမှ ကုလားများ ခုတ်လွှတ်လိုက်သောကြောင့် ပါသွားသော ပစ္စည်း များအားလုံးလည်း လုယူခံရပြီး သွေးသံရဲရဲ ဖြင့် မြို့ထဲသို့ ပြန်ဝင်ပြေးလာသည်ကို တွေ့ရှိခဲ့ရသည်။
ယင်းနေ့ မိုးလင်းသည့် အချိန်မှ စ၍ ရရာပစ္စည်းများကို ထုတ်ပိုးပြီး ထွက်လာခဲ့ကြ ရာ လမ်းများပေါ်တွင် မိမိကဲ့သို့ အထုတ်အပိုးများဖြင့် ဟိုဟို ဒီဒီ ပြေးလွှားနေကြသော ထိတ်လန့် ကြောက်လန့်နေကြသည့် ရခိုင်များ အုပ်စုလိုက် အုပ်စုလိုက် တွေ့ရပါသည်။
ယင်းအချိန်က အစိုးရကချိတ်ပိတ်ထားသော ဘုန်းကြီးကျောင်း(ယခု (မဟာကျန်ဘုရား ကိန်းဝပ်ရာ အသျှင်ကေတုကျောင်း) ကွက်လပ် တွင် ရခိုင်လူမျိုး(၅၀၀၀)လောက် စုမိလာကြသည်။
မြောက်ဖက်ပိုင်း ကညင်ချောင်းရွာများမှ လူများကို လည်းကောင်း၊ မြို့နှင့်နီးသော တောင်ပိုင်းရွာများဖြစ်သည့် မှော်ဝင်ရွာ ၊မကျီးချောင်းရွာ ၊ ရေဖုန်းပြင်ရွာ၊ ပန်းတောပြင်ရွာ စသော ရခိုင်ရွာများမှ လူများကိုလည်းတွေ့ရပါသည်။
အသက်ဘေးကို ကြောက်ရွံနေကြသော လူအုပ်ကြီးသည် ကလေးငိုသံ လူကြီးဆူညံသံများနှင့် ပွက်ပွက်ညံနေသည်။
ထိုနေ့က စက်ရှင်တရား သူကြီး ဦးအောင်သာကျော် ဘူးသီးတောင်ငွေတိုက်မှ ငွေများကို သိမ်းဆည်းရန်နှင့် မောင်တောကို ကုလားများဝိုင်းရံထား ကြောင်း သိရ၍ အကူအညီပေးရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရပါသည်။
ဦးအောင်သာကျော်က ဘူးသီးတောင်သို့ ပို့ပေးမည်ဟု ပြောသည်။ ဘူးသီးတောင်သို့သွားရန် စောင့်နေကြစဉ် မိုးသက်လေပြင်းကျပြိး မိုးအကြီးအကျယ် ရွာနေသော ကြောင့် ဘူးသီးတောင်လမ်းပိတ်နေကြောင်း ကြားသိရပြန်သည်။
စစ်သားအစောင့်အရှောက်နှင့် မသွားပါကလည်း သတ်ရန် လမ်းတလျှောက်လုံး ကုလားများ စောင့်နေကြကြောင်း ကြားသိရပြန်သည်။
မနက်(၉)နာရီလောက်တွင် ဦးအောင်သာကျော်က နတ်မြစ်တစ်ဖက်ကမ်း ယခုဘင်္ဂလားဒေခ်ျ့နိုင်ငံ တက္ကနက်သို့ ပို့ပေးရန် ကြိုးစားမည်ဖြစ်ကြောင်းပြောပါသည်။ နေ့လည်(၁၂)နာရီလောက်တွင် အောင်သာကျော် နှင့်အတူ အင်္ဂလိပ်စစ်ဗိုလ် တေလာ နှင့် နီပေါ ဂေါ်ရခါးစစ်သားများ ရောက်လာပြီး မောင်တောသင်္ဘောဆိပ်သို့ ပို့ပေးပါသည်။ အာရကန် ဖလိုတီလာ ကုမ္မဏီ ပိုင် သင်္ဘောဖြင့် အခေါက်ခေါက် အခါခါ ပြေးဆွဲသော်လည်း မနိုင်မနင်း ဖြစ်နေလေရာ လှေသမ္ဗန်များနှင့် လည်း ပို့ပေးကြသည်။
မောင်တောမြို့ တစ်ဖက်ကမ်း ယခု ဘင်္ဂလားဒေခ့်ျ နိုင်ငံ တက္ကနက်သို့ ရောက်၍ မကြာမီ ညဖက်တွင် မောင်တောမြို့ပေါ်နှင့် နယ်ကျေးရွာများမှ မီးတောက် မီးလျှံများတလိမ့်လိမ့် တက်လာသည်ကို လှမ်းတွေ့မြင်ကြရသည်။
မောင်တောမြို့ကို ကျွန်တော်တို့ မရှိသည့်နောက်ပိုင်း ကုလားများ ထောင်သောင်းချီ ၀င်ရောက် လာကြရာ ရခိုင်အိမ်များတွင် ရှိသော ဆန် ဆီ ဆား ပန်းကန် ခွက်ယောက် အိမ်ထောင်ပရိဘောဂ များပါမကျန် စိတ်တိုင်းကျ ယူငင်ကြပြီးနောက် အိမ်များ ကျောင်းများကို မီးရှို့ကြလေသည်။
ဤအရေးအခင်းတွင် နတ်မြစ်ကမ်းခြေမှ ကျေးရွာများ ဖြစ်ကြသော ငါးခူရ ၊ ခြံပြင် ၊ရွက်ညှိုးတောင်၊ သရက်အုပ်၊ စသော ကျေးရွာများသည် လှေများဖြင့် နတ်မြစ်တစ်ဖက်ကမ်း ဘင်္ဂလားဒေခ်ျ့သို့ ထွက်ပြေးလွတ်မြောက်ကြ သော်လည်း ကမ်းခြေနှင့် ဝေးသော ရခိုင်၊ ရခိုင်မျိုးနွယ်စုဝင်ကျေးရွာများအားလုံးသည် ရွာလုံးကျွတ် အသတ်ခံခဲ့ရလေသည်။
အချို့ရွာများမှသူများသည် မယူတောင်တန်းကို ဖြတ်ကျော်ပြီး ဘူးသီးတောင် ဖက်သို့ ထွက်ပြေးကြသည်။
ထိုလူများသည် ဘူးသီးတောင်မြို့အ၀င် လက်ဝဲတက်ကုလားရွာ မှ ကုလားများ ခုတ်၍ သေပွဲဝင်ခဲ့ကြရသည်။
မောင်တောမြို့ တောင်ပိုင်းတွင် အသက်ရှင် လွတ်မြောက်သော ကျေးရွာများမှာ မရှိသလောက်နည်းပါးပါသည် ။
ရွာလုံးက&a