ဇွဲကပင်ဆရာတော်ကြီးရဲ့ မြေအလှုတော်
သိန်းထောင်ပေါင်းများစွာ တန်ဘိုးရှိသော ဇွဲကပင်တောင်ခြေက ရော်ဘာခြံ ကို ကရင်မဟော်သဓာ ကျောင်းတော်ကြီး တည်ဆောက်နိုင်ရန် ဇွဲကပင်ဆရာတော်ကြီးကစွန့်လွှတ်လှုဒါန်းမည်ဖြစ်ကြောင်းမိန့်ကြားခဲ့ပါသည်။
ဇွဲကပင်တောင်တော်ရဲ့ အရိပ်လဲဖြစ် သစ်ရိပ်ဝါးရိပ်လဲကောင်း ပညာသင်ကြားဖို့ တိတ်ဆိပ်ငြိမ်သက်မှုပတ်ဝန်းကျင်လည်းကောင်း ကရင်မြို့တော် ဘားအံနဲ့လဲ ၁၀ မိနစ်မျှ မောင်းရုံဖြင့်ရောက်နိုင်သဖြင့် မဝေးလွန်း ဆရာတော်ကြီးရဲ့ လုမ္ဗိနီဥယျာဉ် ကေဘယ်စီးတဲ့နေရာနဲ့လဲ ဆက်စပ်လျှက်ရှိတဲ့အတွက် ရေတို ရေရှည် အလွန်သင့်မြတ်ကောင်းမွန်တဲ့ နေရာပါ ။
ဇွဲကပင်ဆရာတော်ကြီးက ရော်ဘာခြံထဲလိုက်ပြရင်းနဲ့
ခပ်ပြတ်ပြတ်ပဲမိန့်ပါတယ့့် ဟေ့ မြနန့်း ကိုယ်တော်ကြို က်လား ဒီနေရာ့ ကိုယ်တော်ကြို က်ရင် လှုမယ်လို့ မိန့်ပါတယ့့်
လှုတဲ့မြေကို ယူနိုင်အောင်ကြိုးစားပါ့မယ်လို့လျောက်တော့ အောင်မယ် ကိုယ်တော်ဒီနေ့ ထီမထိုးရပဲ ထီပေါက်တာလို့မှတ်လိုက်တဲ့ ဒီမြေကတန်ဘိုးကြီးတယ်တဲ့
ကားမောင်းကျောင်းသားကို လှမ်းမိန့်လိုက်သေးတယ်
ဟေ့ မင်းတို့ဆရာတော် ဒီနေ့ ထီပေါက်ပြီ တဲ့
မှန်ပါဘုရားလို့ကျောင်းသားပြန်လျောက်တင်အပြီးမှာပဲ
တပည့်တော်မြနန်း စွမ်းသလောက်ကြိုးစားပါမည်ဘုရားလို့လျောက်တင်လိုက်တော့မှ့အေးအေး ကြို က်တဲ့အချိန်လာလုပ်တော့ ကိုယ်တော်တို့က နောင်မျိုးဆက်အတွက် အလုပ်လုပ်နိုင်ပါတယ်တဲ့
ဆရာတော်ဘုရားကြီးရဲ့ယုံကြည်စွာစွန့်လွှတ်လှုဒါန်းမှုကို
အလုပ်လုပ်ဖို့ ကတိပြု ခေါင်းငြိမ့်ခဲ့ပါပြီ့
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး
ဝိုင်းဝန်းကြိုးစားကြပါစို့
ချ မ်းမြေ့ပါစေ့
မြနန်းဆရာတော်
5 - 9 - 2018