နာလန္ဒာတက္ကသိုလ်ကြီးရဲ့ ပျက်စီးမှုဟာ မကြီးမားဘူးတဲ့လား (ဖြေရှင်းချက်)
*********************************************************************************
“နာလန္ဒတက္ကသိုလ်ကို ဖျက်စီးမှုမှာ အစ္စလာမ့် လမ်းညွှန်နှင့်ဆန့်ကျင် သော်လည်း ပျက်စီးမှုပမာဏမှာ မကြီးမားသဖြင့် နာလန္ဒ တက္ကသိုလ် ဆက်လက်တည်ရှိနေပါကြောင်း”
အထက်ပါစကားရပ်က- နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နဲ့နိုင်ငံတော် သမ္မတဆီကို လိပ်မူတပ်ပြီး
ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) (22. april. 2013) ရက်စွဲနဲ့ ရေးသားပေးပို့ သော လျှောက်ထားစာပါ စာအုပ်အစ္စလာမ် နှင့် မြန်မာ မွတ်စလင်မ်တို့ အပေါ် အထင်အမြင်လွဲမှားမှုများကို ရှင်းလင်းချက်စာတမ်း (အကျဉ်း) မှ ကောက်နှုတ်ချက်တစ်ခုဖြစ်ပါတယ်။
သူ(ဒေါက်တာမြင့်သိန်း- ငြိမ်းချမ်းလုလင်) ပြောသွားတဲ့အချက်တွေအများကြီးထဲက မဟုတ်မမှန် လုပ်ကြံဇာတ်ခင်းပြီး ပြောသွားခဲ့တာကို သက်သေပြချင်တာပါ။ ဦးဇင်းသည် နာလန္ဒာတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ အောက်က ဓာတ်ပုံများက မွတ်ဆလင်တို့ကြောင့် ပျက်စီးသွားခဲ့တဲ့ အုတ်ပုံအုတ်ရိုးမျှသာ ကျန်တော့တဲ့၊ ပြတိုက်တစ်ခုအဖြစ်သာ ဆက်လက်တည်ရှိနေတဲ့ နာလန္ဒာတက္ကသိုလ် အဟောင်းကြီးဖြစ်ပါတယ်။ ငြိမ်းချမ်းလုလင်ပြောသလို ဆက်လက်တည်ရှိနေတယ်ဆိုတာ အုတ်ပုံအုတ်ရိုးအဖြစ်ဖြင့်သာရှိနေတာပါ။ ကျောင်းလည်းတက်လို့မရ၊ စာလည်းသင်လို့မရ၊ သံဝေဂယူဖို့အတွက်သာ ကျန်နေတာပါ။
နာလန္ဒာတက္ကသိုလ်မှာ တက္ကသိုလ်အဟောင်း (Old Nalanda University) နှင့် နာလန္ဒာတက္ကသိုလ်အသစ် (New Nalanda University) ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အခုလက်ရှိ ရှိနေတဲ့ နာလန္ဒာတက္ကသိုလ်ဟာ အသစ်ပါ။ အဟောင်းကြီးက ပျက်စီးသွားခဲ့ပါပြီ။ အုတ်ပုံအုတ်ရိုးများသာ ကျန်ပါတော့တယ်။
နာလန္ဒာတက္ကသိုလ်အဟောင်းကြီးသည် 8th A.Dရာစုမှ 12th A.D ရာစုထိ ပထမဆုံးပေါ်ပေါက်လာသော တက္ကသိုလ်ကြီးဖြစ်ပါတယ်။ လူသားတို့အတွက်အမြင့်ဆုံးအတတ်ပညာရပ်တို့အား ရက်ရောစွာရာစုနှစ်ပေါင်း (၁၂)ရာစုကျော်သည်ထိ ပေးဆောင်ခဲ့သော လူသားအရင်းအမြစ် အဆောက်အဦးကြီး ကမ္ဘာ့ဂန္ထဝင်နာလန္ဒာတက္ကသိုလ်ကြီးဖြစ်ခဲ့ပါတယ်။ သာသနာနှစ်(၁၇၀၀)အရောက် (12th)A.Dရာစုအကုန်တွင် တူရကီနွယ်ဖွား မူဆလင်စစ်ဗိုလ်မိုဟာမက် ဘက်ခီးယာခီးဂျီး (MuhammadBakhtiyanKhaLji)၏ စစ်သည်အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာတက္ကသိုလ်ပိုင် ရွှေ၊ငွေ၊ကျောက်သံပတ္တမြားတို့အား အတင်းအဓမ္မသိမ်းယူခြင်း ကျောင်းဆောင်များစေတီပုထိုးများအား မီးရှို့ဖျက်ဆီးခြင်းများအပြင် ဗုဒ္ဓဘာသာရဟန်းတော်မှန်သမျှ ခေါင်းဖြတ်သတ်ခြင်း၊အရှင်လတ်လတ်မီးလောင်တိုက်သွင်းခြင်း၊ အရှင်လတ်လတ်ဦးခေါင်းပေါ်ရုံမြေမြုပ်ကာ ဓားသွားစက်တပ်ထားသည့်ထွန်သွားဖြင့် နွားကမောင်းစေခြင်းများကို ရက်ရက်စက်စက်ပြုလုပ်ခဲ့လေသည်။ မည်မျှရက်စက်သည်လည်းဆို ရဟန်းတော်တပါး၏ဦးခေါင်းတစ်လုံးကို ဖြတ်ယူကာဆက်သနိုင်လျှင် ငွေကြေးမည်မျှပေးမည်ဟု ကြေငြာချက်ထုတ်ထားသည်အထိ ပြုလုပ်ခဲ့လေသည်။ နာလန္ဒာတက္ကသိုလ်ကြီး ဖျက်ဆီးခံရစဉ်က တက္ကသိုလ်စာကြည့်တိုက်ရှိ စာအုပ်များအား မီးလောင်ရာတွင် (၆)လခန့် ကြာမြင့်သည်ဟု သိရလေသည်။ ရာစုနှစ်(၁၂)ရာစုကြာအောင်တည်တံ့လာခဲ့သော နာလန္ဒာတက္ကသိုလ်ကြီးသည် ကမ္ဘာထောင့်တစ်နေရာက ထင်ရှားသည့်သမိုင်းအဆောက်အဦးကြီးအဖြစ် ရပ်တည်လာခဲ့ပေသည်။ အာဏာငွေကြေးတို့ကိုအာသာငမ်းငမ်းဖြစ်နေသော အုပ်ချုပ်သူလူတန်းစားတို့လက်ထက်တွင်မူ (၁၂)ရာစုကျော်တန် သမိုင်းမှတ်တိုင်ကြီး ဘုန်းဘုန်းလဲအခြေအနေထိဖြစ်ခဲ့ရပေသည်။
ဤနေရာ၌စိတ်၏ သက်သာမှုတစ်ခုကိုရဘို့ဆိုပြီး ကြံကြံဖန်ဖန်တွေးမည်ဆိုလျှင်လည်း တွေးလို့ရနိုင်သည်က သမိုင်းရဲ့အဖိုးတန် အဆောက်အဦးကြီးကို နင်းချေဖျက်ဆီးသူသည် မိမိတို့ဘာသာဝင်မဟုတ် မူဆလင်စစ်ဗိုလ်မိုဟာမက်ဘက်ခီးယားခီးဂျီးနှင့် အပေါင်းအပါများဖြစ်သည်။ ၄င်းတို့ဟာ မိမိတို့ဘာသာအပေါ်ယုတ်မာမှု၊ရက်စက်မှုတွေနှင့် ကျော်လွန်နေရတာလဲ။ အကယ်၍ ထိုတက္ကသိုလ်အဟောင်းကြီး ယခုထိ တည်တံ့နေပါလျှင် ကမ္ဘာ့သာသနာပြု ရဟန်းတော်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်စွမ်းရှိပြီး ဗုဒ္ဓသာသနာဟာ ယခုအချိန်ထိ လျှမ်းလျှမ်းတောက် နေမည်မှာ အမှန်ဖြစ်ပါတယ်။ ဒါကြောင့် နာလန္ဒာတက္ကသိုလ်အဟောင်းကြီး ဖျက်စီးခံခဲ့ရခြင်းမှာ ဗုဒ္ဓသာသနာ တစ်စိတ်တစ်ဒေသကို ဖျက်စီးခံရတာနဲ့အတူတူပါပဲ။ ဗုဒ္ဓသာသနာတစ်ရပ်လုံးကို မှေးမှိန်အောင်လုပ်လိုက်တာပါပဲ။ ဒါဟာ(ဒေါက်တာမြင့်သိန်း) ပြောသလို ပျက်စီးမှု ပမာဏဟာ မကြီးမားဘူးတဲ့လား။ သေသေချာချာ ဆင်ဆင်ခြင်ခြင် ပြောစေချင်ပါတယ်။ ဗြောင်လိမ် ဗြောင်စားမလုပ်ပါနဲ့။ အခုလက်ရှိ-ရှိနေတဲ့ တက္ကသိုလ်ဟာ နာလန္ဒာတက္ကသိုလ်အသစ်ပါ။ ဗုဒ္ဓဘာသာ ရဟန်းတော်ကြီး ဘိက္ခု ဇာဂရိကဿပ၊ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသမ္မတ-ဒေါက်တာ ရာဇိန္ဒရာပရာဆတ်၊ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်တဲ့ ပန်ဒစ်ဂျာဝါလာနေရူး အဲဒီပုဂ္ဂိုလ်သုံးဦး ပူးပေါင်းပြီး ၁၉၅၁ခုနှစ် နိုဝင်ဘာ(၂၀)နေ့ကမှ တည်တောင်ထားခဲ့တာပါ။ တက္ကသိုလ်အဟောင်းကြီးနဲ့ အခုအသစ်နဲ့ယှဉ်လိုက်ရင် ယခုလက်ရှိ တက္ကသိုလ်အသစ်ဟာ ဘာမှ မပြောပလောက်ပါဘူး။ ဒါဟာ ဗုဒ္ဓသာသနာအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ နာန္ဒာတက္ကသိုလ်အဟောင်းကြီး ဖျက်ဆီးခံလိုက်ရတာဟာ ဗုဒ္ဓသာသနာတစ်ဝက် ဖျက်ဆီးခံလိုက်ရတာနဲ့ တူပါတယ်။ တက္ကသိုလ်မှာပညာသင်ကြားတော်မူတဲ့ ရဟန်းတော်တွေ ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာ ပြန့်ပွားအောင် ဖြန့်ဖြူးနိုင်တဲ့ ရဟန်းတော်တွေ အသတ်ခံရတာကို ထောက်ဆကြည့်ရင် သိနိုင်ပါတယ်။ ဒါကို အရှက်မရှိမျက်နှာနဲ့ ဆုံးရှုံးမှု ပမာဏဟာ မကြီးမားဘူးတဲ့လား။ ကိုယ်ချင်းစာတရားထားပါလို့ တိုက်တွန်းပါတယ်။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)